Events
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပသည့် အက်ခ်မက်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံ ငွေဖြင့်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းပြီးစီးမှုအစီရင်ခံစာ အစည်းအဝေးသို့တက်ရောက်ခြင်း။
Updated At: 2024-07-01 15:28:29
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် မဲခေါင်သိပ္ပံမှ ကြီးမှူး ကျင်းပသည့် အက်ခ်မက်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းပြီးစီးမှု အစီရင်ခံစာတင်ပြသည့်အစည်းအဝေးသို့ အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများနှင့်အတူ “ဧရာဝတီ တိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်း ဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း” ၏ စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့ (Project Implementing Agency-PIA) အဖွဲ့ခေါင်းဆောင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းနှင့် PIA အဖွဲ့ဝင် ၂ ဦး ပါဝင်တက်ရောက်ခဲ့ ကြပါသည်။
အစည်းအဝေးတွင် မဲခေါင်သိပ္ပံမှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဌာန၊ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Madhurjya Kumar Dutta ၊ ထိုင်းနိုင်ငံဆိုင်ရာ ကိုးရီးယားသံရုံးမှ ကောင်စစ်ဝန် Mr. Lee Sang Hoon နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာစီးပွားရေးရာဌာနမှ ပထမအတွင်းဝန် Ms. Thitapa Patanan တို့ကအသီးသီးအမှာစကား ပြောကြားခဲ့ကြပါသည်။ ထို့နောက် မဲခေါင်သိပ္ပံမှ Mr. Madhurjya Kumar Dutta က အက်ခ်မက်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများအပေါ် စောင့်ကြည့်လေ့လာမှုရလဒ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး အက်ခ်မက်အဖွဲ့ဝင် ၄ နိုင်ငံ (ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံ) တို့က မိမိတို့နိုင်ငံများအလိုက် စီမံကိန်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ပြီးစီးမှု အစီရင်ခံစာများကို တင်ပြရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ စီမံကိန်း အကောင်အထည်ဖော်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း” အကောင်အထည်ဖော် ပြီးစီးမှုအစီရင်ခံစာနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ အစည်းအဝေးတွင် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများက ကျန်ရှိသည့် စီမံကိန်းရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ အက်ခ်မက်နိုင်ငံများမှ PIA အဖွဲ့ဝင်များ၊ မဲခေါင်သိပ္ပံမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ကိုးရီးယားသံရုံး၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစီးပွားရေးသံမှူးအပါအဝင် စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ အက်ခ်မက်နိုင်ငံများအလိုက် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းစဉ်အကျဉ်းချုပ် ပိုစတာများ၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် တွေ့ကြုံခဲ့ရသည့် အခြေအနေများနှင့် စီမံကိန်းရလဒ်အကျဉ်းချုပ်များကို စုစည်းဖော်ပြထားသည့် စာအုပ်များကိုလည်း ခင်းကျင်းပြသခဲ့ကြကြောင်း သိရှိရပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့


More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ